မနေ့ကမဂိုးကွေးသမားထွန်းထွန်းနဲ့ထုံးစံအတိုင်းထမင်းစားပြီးလေပေါကြတော့သူပြောပြတာလေးတစ်ခုကြိုက်လို့ ပိုစ်တင်လိုက်ပါတယ်--
သိတဲ့အတိုင်းသူက mining major မေမြို့ ကသံစက်ရုံမှာနှစ်ပေါင်းများစွာအောက်ခြေသိမ်းလုပ်လာတာ--သူစက်ရုံမှုး DGM ဘဝမှာ စက်ရုံဟိုးချောင်ကြိုချောင်ကြားအထိသူနေ့စဉ်ရောက်တယ်-- အထူးသဖြင့်ဝန်ထမ်းအိမ်သာတွေအထိ ချီးမပါချင်လည်းသွားတက်တယ်-- မိန်းမအိမ်သာတော့မပါဘူးပေါ့ဗျာ--ချီးမပါပဲ ဘာသွားလုပ်လဲဆိုတော့ အိမ်သာနရံမှာ ဝန်ထမ်းတွေရင်ဖွင့်ထားတဲ့ စာတွေလိုက်ဖတ်ပါတယ်-- လွတ်လပ်မှုအပြည့်နဲ့ အိမ်သာနရံတွေမှာရေးထားတာဖြစ်တော့ management ကိုင်နေတဲ့ သူ့ အဖို့ စက်ရုံထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာအနည်းအကျဉ်းတော့သိရပါတယ်--စက်ရုံအစည်းအဝေးမှာသူ့လက်အောက်ကအင်ဂျင်နီယာတွေကိုသတိပေးနိုင်ခဲ့ပါတယ်--တခါကဆိုအပြောဆိုးတဲ့အင်ဂျင်နီယာတစ်ယောက်ကိုချောင်းရိုက်မယ်လို့ရေးထားတာဖတ်ရလို့ကာယကံရှင်ကိုကြိုတင်သတိပေးပြီးသူ့ အမူအကျင့်ကိုပြင်ဆင်ပေးနိုင်ခဲ့ပါတယ် -- အိမ်သာနရံတွေကိုစက်ရုံမှုးက တစ်လတစ်ခါထုံးသုတ်ခိုင်းပါတယ်-- စီမံရေးရာကမသုတ် ချင်ဘူး--ထုံးသုတ်ရတာပိုက်ဆံမကုန်ပေမဲ့ အလုပ်ရှုပ်တယ် လို့မြင်ကြတာပေါ့ -- ဒီလိုနဲ့ စက်ရုံကဝန်ထမ်းတွေကအိမ်သာနရံပေါ်မှာ
ရင်ဖွင့်လိုက် စက်ရုံမှုး ကအိမ်သာထဲဝင်ဖတ် လိုက်နဲ့ သူရဲ့ management ကိုအထောက်အကူရစေပါတယ် လို့ပြောပါတယ်--
ကဲ--ပြောချင်တာကလာပါပြီ-- ထွင်းထွင်းကအခု Facebook လည်းအိမ်သာနရံလိုပဲ တဲ့--ရေးချင်တာရေးကြပါစေ-- မရိုင်းစိုင်းရင်တော်ပြီ--သက်ဆိုင်ရာနိုင်ငံအုပ်ချုပ်သူတွေ ဝန်ထမ်းအကြီးအကဲတွေ facebook အကောင့်ဖွင့်တာ မဖွင့်တာ မပြောလိုဘူး --facebook ကိုသက်ဆိုင်ရာအပိုင်းအလိုက်မှန်မှန်ဖတ်ကြပါလို့ သူကပြောချင်တာပါ-- DBS ဘဏ်က ဥက္ကဌကြီးကတစ်ခါအင်တာဗျူးမှာပြောဘူးတာဖတ်ရတယ် -- သူက facebook ကို မနက်တိုင်း ၁ နာရီအချိန်ပေးဖတ်တယ်တဲ့-- အချိန်မရှိဘူး လို့တော့ငါအလုပ်သိပ်များတဲ့ကောင်ဆိုပြီး ဖင်ခေါင်းကျယ်နေလို့တော့မရဘူးပေါ့-- တိုင်းပြည်ရဲ့ မထင်မှတ်
တဲ့နေရာတွေမှာရှိနေတဲ့ ပြည်သူတွေရဲ့ အသံလောက်တော့ ကိုယ်ကကြားမိနိုင်တာပေါ့--
ကျနော်လည်းအခု facebook အသုံးလျှော့တယ်ဆိုပေမဲ့ မနက်မှာ ၁-၂ နာရီလောက်သုံးဖြစ်ပါတယ်--အရေမရအဖတ်ရတွေတော့ရှောင်ပါတယ်--ဘယ်လိုအရေမရအဖတ်မရဆိုတာကတော့ facebook သုံးသူတိုင်းသိပါတယ် -- တခါတလေလည်း facebook ထဲလည်ရင်းပတ်ရင်း ရွက်ပုန်းသီးတွေလည်းဘွားကနဲရင်ဆိုင်တွေ့ မိရတတ်ပါတယ် အဲဒါဆိုရင် ကိုယ် ကပဲ follow လုပ်မယ် see first လုပ်မယ်-- ဒါလည်း လစ်မစ်ရှိတယ်ဗျ--အဲလိုပဲ ကိုယ့်ပိုစ်က လူကြိုက်များတာဖြစ်နေရင် လာအက်တာခံရတတ်ပါတယ် follow လုပ်ခံရတတ်ပါတယ်--ဒီလိုနဲ့မိတ်ဆွေတိုးလာတာပေါ့--တခါတခါ ကိုယ်ကအကြီးအကဲနေရာမှာရောက်နေသလိုခံစားပြီး facebook နဲ့ twitter မှာ explore လုပ်ကြည့်တယ်-- ယူတတ်ရင် data တွေ facts တွေ အချက်အလက်တွေ ရတာပေါ့ဗျာ--ကျနော့်အရင်အကြီးအကဲဆီမှာ အိုင်ပက် ၂ လုံးလောက်ရှိတယ် memory လည်းတော်တော်မြင့်တယ်--တစ်ခုတော့ရှိတာပေါ့ ကိုယ်ကို သိမ်းဆည်းပေးနိုင်တဲ့ IT ကျွမ်းတဲ့ တပည့်သားမြေးတစ်ယောက်တော့ လိုတာပေါ့ -- အကြောင်းအရာပေါင်းစုံ data ပေါင်းစုံ သူရဲ့ i pad ထဲမှာရှိတယ် -- အခုထိလည်းသူ ကလေ့လာစုဆောင်းဆဲပါ-- ကျနော့ friend list ထဲမှာ ရှိတော့ ခင်ဗျားတို့ သိကြမှာပါ --အချက်အလက် data မရှိပဲ တိုင်းပြည် ကို ဘယ်လိုအုပ် ချုပ်မှာလဲ? သူများထက်တော့ ခေါင်း တစ်လုံးသာနေဖို့ လိုပါလိမ့်မယ်--
ထွင်းထွင်း နဲ့ ကျနော်ပြောချင်တာက facebook ကိုသုံးကြပါဆိုတာပါပဲ--
No comments:
Post a Comment